တစ်ဦးချင်းအလိုက် JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်

၀၇/၀၈/၂၀၂၆

 


၂၀၂ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲ အတွက် တစ်ဦးချင်းအလိုက် လျှောက်ထားဖြေဆိုမည့် စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ  လျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။

 

၁။ စာမေးပွဲကျင်းပမည့်ရက်

၂၀၂ခုနှစ်၊ ဒီဇင်ဘာလ () ရက်နေ့ (တနင်္ဂနွေနေ့)

 

၂။ စာမေးပွဲကျင်းပမည့်နေရာ

ရန်ကုန်မြို့နှင့် မန္တလေးမြို့။

 

။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)

Level N1 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)

Level N2 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)

Level N3 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)

Level N4 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)

Level N5 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)

 

။ လျှောက်လွှာလက်ခံကာလ (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀) နှစ်အောက် ဖြေဆိုသူများအပါအဝင်)

Level N1 - ၁၂..၂၀၂ (ဗုဒ္ဓဟူးနေ့)၊ ၁၃..၂၀၂ (ကြာသပတေးနေ့)၊ ၂၅..၂၀၂(အင်္ဂါနေ့)

Level N2 - ၁၂..၂၀၂ (ဗုဒ္ဓဟူးနေ့)၊ ၁၃..၂၀၂ (ကြာသပတေးနေ့)၊ ၂၅..၂၀၂(အင်္ဂါနေ့)

Level N3 - ၁၄..၂၀၂ (သောကြာနေ့)၊ ၁၇..၂၀၂ (တနင်္လာနေ့)၊ ၂၆..၂၀၂ (ဗုဒ္ဓဟူးနေ့)

Level N4 - ၁၈..၂၀၂ (အင်္ဂါနေ့)၊ ၁၉..၂၀၂ (ဗုဒ္ဓဟူးနေ့)၊ ၂၇.၈.၂၀၂ (ကြာသပတေးနေ့)

Level N5 - ၂၀..၂၀၂ (ကြာသပတေးနေ့)၊ ၂၁.၈.၂၀၂ (သောကြာနေ့)၊ ၂၄..၂၀၂ (တနင်္လာနေ့)

 

။ လျှောက်လွှာလက်ခံမည့် ကာလ နှင့် အချိန်

System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (​လျှောက်လွှာလက်ခံသည့်ရက်အတွင်း ​နေ့ခင်းဖက်အချိန်များတွင် ဝင်​ရောက် ​လျှောက်ထားနိုင်ပါသည်။)

 

လျှောက်ထားနည်းလမ်းညွှန်

https://drive.google.com/file/d/1e41X5_Om09ikkURlkmDRN2kmetHnuToY/view?usp=sharing

 

ငွေပေးချေနည်းလမ်းညွှန်

https://drive.google.com/file/d/1tqkfHzXG0Q1rgZHZz2vvM9bFBeVlaD9f/view?usp=drive_link

 

 

 

လျှောက်ထားသူများ သတိပြုရန်

-        လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။ Registration (မှတ်ပုံတင်ခြင်း) အတွက်ကြေငြာချက်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/share/p/18NK8yQFWN/?mibextid=wwXIfr

 

-        လျှောက်လွှာဖောင်အတွက် ငွေပေးချေသည့်အချိန်တွင် Browser အားပိတ်လိုက်ခြင်း၊ Refresh ခေါ်ယူခြင်းများ မပြုလုပ်ပါရန်။

 

-        ငွေပေးချေမှုပြီးဆုံးသွားပါက လျှောက်လွှာဖောင်အချက်အလက်အား ပြန်လည်စစ်ဆေးပေးပါ။ အကယ်၍ စာမေးပွဲကြေးအား ပေးချေခဲ့သော်လည်း လျှောက်လွှာဖောင်အချက်အလက်တွင် “Confirmed” မဖြစ်ပါက MAJA ရုံးသို့ဆက်သွယ် အကြောင်းကြားရန်လိုအပ်ပါမည်။

 

-        လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အောက်ဖော်ပြပါအချက်များအားသတိပြု၍ ဖြည့်သွင်းပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။

*           သုည “0” များဖြည့်သွင်းခြင်းမပြုရပါ။

*           ဂဏန်း ၈လုံးသည် အားလုံးတူညီသော ဂဏန်းဖြစ်၍ မရပါ။

*           စာလုံး(Alphabet) နှင့် သင်္ကေတများ ပါဝင်၍ မရပါ။

*           ဂဏန်း ၈လုံး ပြည့်အောင် ဖြည့်သွင်းပေးရမည်။

 

-        Online Application လျှောက်ထားရာတွင် ဖြည့်သွင်းမည့် အမည်နှင့် သက်သေခံကတ်ပြား ပေါ်တွင်ပါရှိသော အမည်တို့သည် မတူညီပါက စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။

အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။

 

-        မိမိလျှောက်ထားသည့် Level, စာဖြေဌာနအတိုင်းဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။

 

-        စာဖြေသူတစ်ဦးအတွက် တစ်ကြိမ်သာလျှောက်ထားခွင့်ပြုပါသည်။

တစ်ကြိမ်ထက်ပိုမိုလျှောက်ထားပြီး ငွေပေးချေထားမှုများအား ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။

 

-        မူလလျှောက်ထားသည့် စာဖြေသူနှင့် မတူကွဲပြားသော ပြင်ဆင်မှုများအား အချက်အလက် ပြင်ဆင်ခြင်း လက်ခံကာလတွင် ပြင်ဆင်ခွင့်ပြုမည်မဟုတ်ပါ။

 

-        စာမေးပွဲလျှောက်ထားမှုအား ပွဲစားအပ်နှံခြင်း/Service အပ်နှံခြင်းများကြောင့် အချက်အလက်မှားယွင်းမှုများ စသည်ဖြင့် အမှားအယွင်းတစုံတရာဖြစ်ပေါ်ပါက စာဖြေသူများ၏တာဝန်သာဖြစ်ပါသည်။

 

*** ဇူလိုင်လ စာမေးပွဲရလဒ်များမှာ (၈)လပိုင်းကုန်မှသာ ထွက်ရှိမည်ဖြစ်ပြီး၊ အမှန်တကယ်ဖြေဆိုမည့် Level အား ​ရွေးချယ်​လျှောက်ထားရမည်ဖြစ်ပါကြောင်းနှင့် Level ပြောင်းလဲ​ဖြေဆိုခွင့်မရှိသည်ကို သတိပြုပါ။ ***

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဆက်သွယ်ရန်   01- 757 10 15 (ext 1)