အမေးများသောမေးခွန်းများ

(၁) JLPT Online Form လျှောက်ထားရန် မှတ်ပုံတင် မတင်မီ
JLPT Online Form System အသုံပြုနိုင်သည့်Device အမျိုးအစား
ကျေးဇူးပြု၍ ကွန်ပျူတာဖြင့်သာဝင်ရောက်အသုံးပြုပေးပါ။ Smart phone (သို့) mobile phone များတွင်Screen Size မမှန်ကန်မှုများဖြစ်ပေါ်နိုင်ပါသည်။
JLPT Online Form မှတ်ပုံတင်ရန် ဘာတွေလိုအပ်သလဲ?
ယခင်JLPT Online Form အကောင့်ဖွင့်ပြီးထားသူများအနေဖြင့် နောက်တကြိမ်ထပ်မံ အကောင့်ဖွင့်ရန်မလိုအပ်ပါ။ JLPT Online Form မှတ်ပုံတင်လျှောက်ထားသူသည် အသက်၁၀နှစ် နှင့်အထက် နိုင်ငံသား မှတ်ပုံတင်ရှိသူဖြစ်ရမည်။လျှောက်လွှာမတင်မီ အောက်ပါအချက် များအားကြိုတင်ပြင်ဆင် ထားရမည်။
(၁) လျှောက်ထားသူ ၏ ကိုယ်ပိုင် Email အ‌ကောင့် တစ်ခုရှိရမည်။

(၂)ဖြေဆိုသူဓါတ်ပုံ (Image File) JPEG or PNG အမျိုးအစား ပြင်ဆင်ထားရမည်။
Application Form Photo
(၃) လျှောက်ထားသူ ၏ သက်သေခံကတ်ပြား၏ Image File (JPEG or PNG) ။ မှတ်ပုံတင်၏ရှေ့ခြမ်းနှင့်နောက်ခြမ်း ဓါတ်ပုံများ (သို့) ‌ပတ်စ်ပို့၏ ဓါတ်ပုံ (သို့) ယာဉ်မောင်းလိုင်စင်၏ရှေ့ခြမ်းနှင့်နောက်ခြမ်း ဓါတ်ပုံများမှ မိမိအသုံးပြုမည့် တစ်ခုခု ပြင်ဆင်ထားရမည်။
Application Form Photo
(၄) လက်မှတ် ၏ Image File (JPEG or PNG) ပြင်ဆင်ထားရမည်။
(၅) ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခုရှိရမည်။
- eCommerce Registered ပြုလုပ် ထားသော MPU Card
- Pay with KBZ
- KBZ Pay Qr
- KBZ Pay app (Mobile Phone Only)
login ဝင်၍မရခဲ့လျှင်?
ထည့်သွင်းခဲ့သော Login အမည်(သို့) password မှားယွင်းနိုင်ခြေရှိပါသည်။
ID အားမေ့သွားခဲ့လျှင်?
မိမိတို့၏ Login ID အား မှတ်သားထားခြင်း မရှိပါက Online Application Website တွင်၊ "Login" > "Forget Password & Login ID" သို့ ဝင်ရောက်ပြီး၊ မိမိ JLPT အကောင့် တွင် ထည့်သွင်းထားသည့် Email Address အားထည့်သွင်းကာ "Show Login ID" ကို နှိပ်ပြီး Login ID ကို ရယူနိုင်ပါသည်။
forgot Login ID
ID ၏ password အားမေ့သွားခဲ့လျှင်?
forgot password
forgot password forgot password
လျှောက်ထားသူ အချက်အလက် အမှားပြင်ဆင်လိုပါက ဘယ်လို ပြင်ဆင်ရမလဲ?
အမှားပြင်ဆင်လိုပါက ဒေတာပြန်လည်ပြင်ဆင်နိုင်မည့်ကာလ အတွင်း ပြင်ဆင်ခွင့်စတင်လက်ခံပါမည်။

Data Revision
Data Revision
Data Revision
Data Revision
Data Revision
Data Revision
Data Revision
(၂) JLPT Online Form လျှောက်လွှာ
JLPT Online Form လျှောက်လွှာ ဘယ်လိုတင်ရမလဲ?
JLPT Online Form လျှောက်လွှာတင်ခြင်း အသေးစိတ် အချက်များအား အသုံးပြုသူလက်စွဲ စာမျက်နှာ(၁၆) တွင်ဝင်ရောက်ဖတ်ရှုပေးပါ။
(၃) ‌ငွေပေးချေနည်း Process
ငွေပေးချေမှုလမ်းကြောင်း ဘယ်လောက်ရှိသလဲ?
ငွေပေးချေမှုလမ်းကြောင်း၃ခုဖြင့် စာမေးပွဲကြေးကို ပေးဆောင်နိုင်ပါသည်။
(၁) Local Card (eCommerce Registered ပြုလုပ် ထားသော MPU Card)
(၂) Pay With KBZ
(a)KBZ Pay Qr
(b)KBZ Pay App(Mobile Phone Only)
ဘယ်လို ငွေပေးချေရမလဲ?
Data Revision
Data Revision
Data Revision
Data Revision
Data Revision
Data Revision
Data Revision
ငွေပေးချေမှု လုပ်ငန်းစဉ် အတွင်း ဘာတွေသတိပြုရမလဲ?
(၁) ငွေပေးချေမှု လုပ်ငန်းစဉ် အတွင်း Web Site အား Back ပြုလုပ်ခြင်း ၊ Refresh ပြုလုပ်ခြင်းများ မပြုလုပ်ပါရန်။
(၂) Local Card, QR Pay အမျိုးအစားကို အသုံးပြုပြီး အကြောင်း အမျိုးမျိုးကြောင့် ငွေပေးချေမှု မအောင်မြင်ပါက ကြိုတင်မှာယူမှုသည် ၁နာရီအတွင်း အလိုအလျောက် ပယ်ဖျက်သွားမည်။
(၃) QR Code ကို ၁၀ မိနစ်အတွင်းအသုံးပြုပါ။ ၁၀ မိနစ်ထက်ကျော်လွန်ပါက သက်တမ်းကုန်ဆုံးပါမည်။
ငွေပေးချေမှု အောင်မြင်မှု ရှိမရှိ ဘယ်လိုသိနိုင်မလဲ?
Payment Status
လျှောက်လွှာဖောင် အခြေအနေကို ဘယ်လိုကြည့်ရမလဲ?
Application Form Status
(၄) စာမေးပွဲနေ့
စာမေးပွဲဖြေဆိုခွင့် ဘောက်ချာ ဘယ်လိုထုတ်ယူရမလဲ?
စာမေးပွဲဖြေဆိုခွင့် ဘောက်ချာ ထုတ်ယူခွင့် ကာလအတွင်း အသုံးပြုသူမှ "PDF အားလုံးယူရန်" ခလုတ်ကိုနှိပ် ၍ စာမေးပွဲဖြေဆိုခွင့် ဘောက်ချာ သည် အလိုအလျောက် ဒေါင်းလုဒ်လုပ်ပါမည်။
Download Form Sample
ခုံနံပါတ်နှင့်ဖြေဆိုရမည့်နေရာ ကိုဘယ်လိုဖော်ပြထားသလဲ?
Payment Status
စာမေးပွဲအခန်းတွင်း ဘာတွေယူဆောင်လို့ရသလဲ?
- စာမေးပွဲဖြေဆိုခွင့်Test Voucher ၊ ရိုးရိုးခဲတံ 2B, HP
(ဘောပင်၊ ခဲသားဘောပင် လုံးဝအသုံးပြုခွင့်/ယူဆောင်လာခွင့်မရှိပါ)၊
- ခဲဖျက်၊ ချွန်စက်၊ ID card (လျှောက်ထားစဉ်က ပူးတွဲတင်ပြထားသော မှတ်ပုံတင်၊ ကား‌မောင်းလိုင်စင်၊ Passport စသည်) နှင့် အခြားလိုအပ်သည်များအား ဖိုင်အိတ်အကြည် များဖြင့်သာ ထည့်သွင်းယူဆောင်လာရန်။
စာမေးပွဲမှာယူဆောင်ခွင့်မရှိသည့် ပစ္စည်းများ
- ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တယ်လီဖုန်းနှင့် တခြားတန်ဖိုးရှိပစ္စည်းများအား ယူ‌ဆောင်လာပါက မိမိတာဝန်သာဖြစ်ပြီး ‌ပျောက်ဆုံး၊ ပျက်စီးမှုများနှင့် ယူဆောင်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် စာဖြေဌာနမှ တာဝန်ယူ‌ ဆောင်ရွက်ပေးမည် မဟုတ်ပါ။
- တယ်လီဖုန်းယူဆောင်လာခြင်းမပြုရန် တိုက်တွန်းပါသည်။ မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက နှိုးစက် (Alarm) Setting များအား ပိတ်၍ ဖုန်းအား Power Off လုပ်ထားရမည်ဖြစ်ပါသည်။ Vibration Mode, Silent Mode, Airplane Mode များ ပြုလုပ်ထားခြင်းအား ခွင့်မပြုပါ။ စာဖြေခန်းအတွင်းတွင် ဖုန်းအား Power Off ပြုလုပ်ပြီး၊ ပလတ်စတစ်အိတ်အတွင်းသို့ ထည့်သွင်းကာ စားပွဲခုံအောက်စသည့် လက်လှမ်းမမှီသည့်နေရာတွင် ထားရှိရပါမည်။
- စာမေးပွဲဖြေဆိုနေချိန်တွင် တယ်လီဖုန်း အသုံးပြုခြင်း၊ အသံမြည်ခြင်း၊ အသံဖမ်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်းများအား တားမြစ်ထားပြီး၊ ကျူးလွန်ပါက မသမာသူ (Missed Conduct) အဖြစ်သတ်မှတ်ပြီး အောင်စာရင်းထွက်ရှိမည်မဟုတ်ပါ။
စာမေးပွဲ ဖြေဆိုရန်ကြာမြင့်ချိန် ဘယ်လောက်လဲ?
အောက်ပါလင့်အား ဝင်‌ရောက်ကြည့်ရှုပေးပါ။
(၅) စာမေးပွဲဖြေဆိုပြီးနောက်
စာမေးပွဲအောင်စာရင်းအား ဘယ်လိုသိနိုင်မလဲ?
အောက်ပါလင့်အား ဝင်‌ရောက်ကြည့်ရှုပေးပါ။
Online Result Password ကိုဘယ်လိုပြန်ရှာကြည့်မလဲ?
Passcode History
Passcode History
Passcode History
အမှတ်ပေး စည်းမျဉ်းအား ဘယ်လိုသိရှိနိုင်မလဲ?
အောက်ပါလင့်အား ဝင်‌ရောက်ကြည့်ရှုပေးပါ။