တစ်ဦးချင်းအလိုက် JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်
07/08/2026
၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ
စာမေးပွဲ အတွက် တစ်ဦးချင်းအလိုက် လျှောက်ထားဖြေဆိုမည့် စာမေးပွဲဖြေဆိုလိုသူများအတွက်
လျှောက်လွှာ လျှောက်ထားခြင်းအား
အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၆
ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့်
မန္တလေးမြို့။
၃။ စာမေးပွဲကြေးနှင့်
လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level
N1 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level
N2 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level
N3 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level
N4 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
Level
N5 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
၄။ လျှောက်လွှာလက်ခံကာလ (ရှင်သာမဏေ၊
ရဟန်းတော်၊ သီလရှင် နှင့် (၁၀) နှစ်အောက်
ဖြေဆိုသူများအပါအဝင်)
Level N1 - ၁၂.၈.၂၀၂၆ (ဗုဒ္ဓဟူးနေ့)၊ ၁၃.၈.၂၀၂၆ (ကြာသပတေးနေ့)၊ ၂၅.၈.၂၀၂၆ (အင်္ဂါနေ့)
Level N2 - ၁၂.၈.၂၀၂၆ (ဗုဒ္ဓဟူးနေ့)၊ ၁၃.၈.၂၀၂၆ (ကြာသပတေးနေ့)၊ ၂၅.၈.၂၀၂၆ (အင်္ဂါနေ့)
Level N3 - ၁၄.၈.၂၀၂၆ (သောကြာနေ့)၊ ၁၇.၈.၂၀၂၆ (တနင်္လာနေ့)၊ ၂၆.၈.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
Level N4 - ၁၈.၈.၂၀၂၆ (အင်္ဂါနေ့)၊ ၁၉.၈.၂၀၂၆ (ဗုဒ္ဓဟူးနေ့)၊ ၂၇.၈.၂၀၂၆ (ကြာသပတေးနေ့)
Level N5 - ၂၀.၈.၂၀၂၆ (ကြာသပတေးနေ့)၊ ၂၁.၈.၂၀၂၆ (သောကြာနေ့)၊ ၂၄.၈.၂၀၂၆ (တနင်္လာနေ့)
၅။ လျှောက်လွှာလက်ခံမည့် ကာလ နှင့် အချိန်
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား
ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။
(လျှောက်လွှာလက်ခံသည့်ရက်အတွင်း
နေ့ခင်းဖက်အချိန်များတွင် ဝင်ရောက် လျှောက်ထားနိုင်ပါသည်။)
လျှောက်ထားနည်းလမ်းညွှန်
https://drive.google.com/file/d/1e41X5_Om09ikkURlkmDRN2kmetHnuToY/view?usp=sharing
ငွေပေးချေနည်းလမ်းညွှန်
https://drive.google.com/file/d/1tqkfHzXG0Q1rgZHZz2vvM9bFBeVlaD9f/view?usp=drive_link
လျှောက်ထားသူများ သတိပြုရန်
-
လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း)
ပြုလုပ်ထားရန်လိုအပ်ပါမည်။
Registration (မှတ်ပုံတင်ခြင်း) အတွက်ကြေငြာချက်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/18NK8yQFWN/?mibextid=wwXIfr
-
လျှောက်လွှာဖောင်အတွက် ငွေပေးချေသည့်အချိန်တွင် Browser အားပိတ်လိုက်ခြင်း၊ Refresh ခေါ်ယူခြင်းများ
မပြုလုပ်ပါရန်။
-
ငွေပေးချေမှုပြီးဆုံးသွားပါက လျှောက်လွှာဖောင်အချက်အလက်အား
ပြန်လည်စစ်ဆေးပေးပါ။ အကယ်၍ စာမေးပွဲကြေးအား ပေးချေခဲ့သော်လည်း
လျှောက်လွှာဖောင်အချက်အလက်တွင် “Confirmed” မဖြစ်ပါက MAJA ရုံးသို့ဆက်သွယ် အကြောင်းကြားရန်လိုအပ်ပါမည်။
-
လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အောက်ဖော်ပြပါအချက်များအားသတိပြု၍ ဖြည့်သွင်းပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။
* သုည “0” များဖြည့်သွင်းခြင်းမပြုရပါ။
* ဂဏန်း
၈လုံးသည် အားလုံးတူညီသော ဂဏန်းဖြစ်၍ မရပါ။
* စာလုံး(Alphabet) နှင့် သင်္ကေတများ ပါဝင်၍ မရပါ။
* ဂဏန်း ၈လုံး
ပြည့်အောင် ဖြည့်သွင်းပေးရမည်။
-
Online
Application လျှောက်ထားရာတွင် ဖြည့်သွင်းမည့် အမည်နှင့် သက်သေခံကတ်ပြား ပေါ်တွင်ပါရှိသော
အမည်တို့သည် မတူညီပါက စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။
အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ
လုပ်ဆောင်ပေးမည် မဟုတ်ပါ။
-
မိမိလျှောက်ထားသည့် Level,
စာဖြေဌာနအတိုင်းဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။
အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။
-
စာဖြေသူတစ်ဦးအတွက် တစ်ကြိမ်သာလျှောက်ထားခွင့်ပြုပါသည်။
တစ်ကြိမ်ထက်ပိုမိုလျှောက်ထားပြီး
ငွေပေးချေထားမှုများအား ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။
-
မူလလျှောက်ထားသည့် စာဖြေသူနှင့် မတူကွဲပြားသော ပြင်ဆင်မှုများအား
အချက်အလက် ပြင်ဆင်ခြင်း လက်ခံကာလတွင် ပြင်ဆင်ခွင့်ပြုမည်မဟုတ်ပါ။
-
စာမေးပွဲလျှောက်ထားမှုအား ပွဲစားအပ်နှံခြင်း/Service အပ်နှံခြင်းများကြောင့်
အချက်အလက်မှားယွင်းမှုများ စသည်ဖြင့် အမှားအယွင်းတစုံတရာဖြစ်ပေါ်ပါက စာဖြေသူများ၏တာဝန်သာဖြစ်ပါသည်။
*** ဇူလိုင်လ
စာမေးပွဲရလဒ်များမှာ (၈)လပိုင်းကုန်မှသာ ထွက်ရှိမည်ဖြစ်ပြီး၊ အမှန်တကယ်ဖြေဆိုမည့်
Level အား
ရွေးချယ်လျှောက်ထားရမည်ဖြစ်ပါကြောင်းနှင့် Level ပြောင်းလဲဖြေဆိုခွင့်မရှိသည်ကို သတိပြုပါ။
***
JLPT
စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
(MAJA)
ဆက်သွယ်ရန် 01- 757 10 15 (ext 1)