၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် မှတ်ပုံတင်လျှောက်ထားခြင်း နှင့် ပတ်သက်၍ (တစ်ဦးချင်း)
22/01/2026
၂၀၂၆ခုနှစ်၊
ဇူလိုင်လ JLPT စာမေးပွဲအတွက် တစ်ဦးချင်းအနေဖြင့် Online System မှ
လျှောက်လွှာတင်မည့် စာဖြေသူများသည် လျှောက်လွှာမတင်မီ အချက်အလက်များ
ကြိုတင်ဖြည့်သွင်းခြင်း (Registration) ပြုလုပ် ထားရန်
လိုအပ်ပါသည်။
ယခုအကြိမ်မှစတင်၍
ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများ ၏ လျှောက်ထားမှု များကိုလည်း
Online Application ဖြင့်သာ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။
- ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲဝင်ရောက်ဖြေဆိုရန် လျှောက်ထားမည့်
မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်ပါသည်။
-
Registration လျှောက်ထားခြင်းအား ၂၂.၁.၂၀၂၆ ရက်နေ့ မနက် (၉)နာရီ
မှစတင်၍ ပြုလုပ်နိုင်မည် ဖြစ်ပြီး၊ လျှောက်လွှာ လက်ခံသည့် ကာလတလျှောက်တွင်လည်း
ပိတ်ရက်မရှိ Registration ပြုလုပ်နိုင်ပါသည်။ Website
Link အား Edit ပြုလုပ် ထည့်သွင်း
ပေးသွားပါမည်။
- အီးမေးလ်(Email) လိပ်စာ တခုလျှင် Registration
ပြုလုပ်ခြင်း နှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်မည်
ဖြစ်ပါသည်။ (Registration ပြုလုပ်ထားသော Login ID တခုလျှင် လျှောက်လွှာ တစ်စောင်သာ တင်ခွင့်ရမည်ဖြစ်သည်။)
- အမည်စာလုံးပေါင်းနှင့် မွေးသက္ကရာဇ်များအားမှန်ကန်စွာဖြည့်သွင်းပါ။
မှားယွင်းဖြည့်သွင်းမိပါက Online Application တင်ပြီးနောက်
သတ်မှတ်ထားသည့် အမှားပြင်ကာလအတွင်း ပြန်လည်ပြင်ဆင်နိုင်ပါသော်လည်း
အတည်ပြုမှုရရှိရန် (၃) ရက်တာ ကြာမြှင့်မည် ဖြစ်ပါသည်။ သက်သေခံကတ်ပြားနှင့်
မတူညီသော အမည်၊ မွေးသက္ကရာဇ်များသို့ ပြင်ဆင်ခွင့် ပြုမည် မဟုတ်ပါ။
- Registration ပြုလုပ်ရာတွင်
ဖြည့်သွင်းခဲ့သော Email၊ login စကား၀ှက်
နှင့် အချက်အလက် တို့ကို မေ့လျော့ခြင်းမရှိစေရန် ဂရုပြုရပါမည်။
လုပ်ဆောင်ပုံအဆင့်ဆင့်အားကြည့်ရှုရန်
https://drive.google.com/file/d/1q4pSYmTVWjOMnFwxaqfyq9ZmtQYZbCrV/view?usp=sharing
Registration
အချက်အလက် ဖြည့်သွင်းရာတွင် ကာယကံရှင်ကိုယ်တိုင် ဖြည့်သွင်းရပါမည်။
အခြားသူများမှ ကိုယ်စားလုပ်ဆောင်ပေးပြီ အမှားတစ်စုံတစ်ရာ ပေါ်ပေါက်ပါက
ကာယကံရှင်တာဝန်သာ ဖြစ်သည်။
Registration
အတွက် အောက်ပါအချက်များအား ကြိုတင်ပြင်ဆင် ထားရမည်။
(၁) မှတ်ပုံတင်လျှောက်ထားသူသည် -
• အသက်(၁၀)နှစ် နှင့်အထက်
လျှောက်ထားသူဖြစ်ပါက နိုင်ငံသားသက်သေခံကတ်ပြား ရှိသူဖြစ်ရမည်။
• အသက်(၁၀)နှစ် အောက်
လျှောက်ထားသူဖြစ်ပါက မွေးစာရင်း ရှိသူဖြစ်ရမည်။
• ရှင်သာမဏေ၊ ရဟန်းတော်၊
သီလရှင် များဖြစ်ပါက သာသနာဝင်စိစစ်ရေးကတ်ပြား ရှိသူဖြစ်ရမည်။
(၂) လျှောက်ထားသူ ၏ ကိုယ်ပိုင် Email အကောင့်
တစ်ခုရှိရမည်။ (Activation Code Link အား အဆိုပါ Email
မှ တဆင့် ပေးပို့မည်ဖြစ်ပါသောကြောင့် မှန်ကန်ပြည့်စုံသော Email
ဖြစ်ရန်လိုအပ်ပါသည်။)
(၃) လျှောက်ထားသူ ၏ (၃)လအတွင်းရိုက်ကူးထားသော ကာလာဓါတ်ပုံ JPEG or
PNG
(အလှဓါတ်ပုံ၊မျက်နှာမပေါ်လွင်သောပုံ၊ဝါးနေခြင်း၊ဘေးတစောင်းဖြစ်နေခြင်း၊
ပုံဆိုဒ်သေးလွန်းခြင်း၊ ဖုန်းဖြင့်ပြန်လည်ရိုက်ကူးထားခြင်း၊AI နည်းပညာဖြင့်ပြင်ဆင်ထားသောဓါတ်ပုံများ လက်မခံပါ။)
(၄) လျှောက်ထားသူ ၏ သက်သေခံကတ်ပြား ကာလာဓါတ်ပုံ (JPEG or PNG)
(သက်သေခံနံပါတ်တခုလျှင် Registration တကြိမ်သာပြုလုပ်လျှောက်ထားခွင့်ရှိပါမည်။
ထည့်သွင်းရာတွင် ဝါးနေခြင်း၊ ဘေးတစောင်းဖြစ်ခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊
ဖုန်းဖြင့် ပြန်လည် ရိုက်ကူးခြင်း များလက်မခံပါ။)
• အသက်(၁၀)နှစ်အထက်
လျှောက်ထားသူများအတွက်- မှတ်ပုံတင်၏ ရှေ့ခြမ်းနှင့် နောက်ခြမ်း ဓါတ်ပုံများ (သို့)
ပတ်စ်ပို့ စာမျက်နှာ ဓါတ်ပုံ (သို့) ယာဉ်မောင်းလိုင်စင်၏
ရှေ့ခြမ်းနှင့်နောက်ခြမ်း ဓါတ်ပုံ၊
• အသက် (၁၀)နှစ်အောက်
လျှောက်ထားသူများအတွက်- မွေးစာရင်း ဓါတ်ပုံ၊
• ရှင်သာမဏေ၊ ရဟန်းတော်၊
သီလရှင် များဖြစ်ပါက သာသနာဝင်စိစစ်ရေးကတ်ပြား ဓါတ်ပုံ၊
(၅) လျှောက်ထားသူ ၏ လက်မှတ်
ဓါတ်ပုံ (JPEG or PNG)
(၆) ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခု။
• Local Card (eCommerce Register ပြုလုပ် ထားသော MPU Card)
• QR Payment (KBZ Pay)
လျှောက်လွှာလက်ခံမည့်ရက်နှင့်
ပတ်သက်၍ ထပ်မံကြေငြာ သွားမည်ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန်
- 01 757 10 15 Ext-1 (နံနက် ၉ နာရီမှ ညနေ ၄း၃၀ နာရီ ရုံးချိန်တွင်းသာ)