၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် မှတ်ပုံတင်လျှောက်ထားခြင်း နှင့် ပတ်သက်၍ (တစ်ဦးချင်း)

22/01/2026

၂၀၂၆ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲအတွက် တစ်ဦးချင်းအနေဖြင့် Online System မှ လျှောက်လွှာတင်မည့် စာဖြေသူများသည် လျှောက်လွှာမတင်မီ အချက်အလက်များ ကြိုတင်ဖြည့်သွင်းခြင်း (Registration) ပြုလုပ် ထားရန် လိုအပ်ပါသည်။

ယခုအကြိမ်မှစတင်၍ ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများ ၏ လျှောက်ထားမှု များကိုလည်း Online Application ဖြင့်သာ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။

- ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲဝင်ရောက်ဖြေဆိုရန် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်ပါသည်။

- Registration လျှောက်ထားခြင်းအား ၂၂.၁.၂၀၂၆ ရက်နေ့ မနက် (၉)နာရီ မှစတင်၍ ပြုလုပ်နိုင်မည် ဖြစ်ပြီး၊ လျှောက်လွှာ လက်ခံသည့် ကာလတလျှောက်တွင်လည်း ပိတ်ရက်မရှိ Registration ပြုလုပ်နိုင်ပါသည်။ Website Link အား Edit ပြုလုပ် ထည့်သွင်း ပေးသွားပါမည်။

- အီးမေးလ်(Email) လိပ်စာ တခုလျှင် Registration ပြုလုပ်ခြင်း နှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ (Registration ပြုလုပ်ထားသော Login ID တခုလျှင် လျှောက်လွှာ တစ်စောင်သာ တင်ခွင့်ရမည်ဖြစ်သည်။)

- အမည်စာလုံးပေါင်းနှင့် မွေးသက္ကရာဇ်များအားမှန်ကန်စွာဖြည့်သွင်းပါ။ မှားယွင်းဖြည့်သွင်းမိပါက Online Application တင်ပြီးနောက် သတ်မှတ်ထားသည့် အမှားပြင်ကာလအတွင်း ပြန်လည်ပြင်ဆင်နိုင်ပါသော်လည်း အတည်ပြုမှုရရှိရန် (၃) ရက်တာ ကြာမြှင့်မည် ဖြစ်ပါသည်။ သက်သေခံကတ်ပြားနှင့် မတူညီသော အမည်‌၊ မွေးသက္ကရာဇ်များသို့ ပြင်ဆင်ခွင့် ပြုမည် မဟုတ်ပါ။

-  Registration ပြုလုပ်ရာတွင် ဖြည့်သွင်းခဲ့သော Emaillogin စကား၀ှက် နှင့် အချက်အလက် တို့ကို မေ့လျော့ခြင်းမရှိစေရန် ဂရုပြုရပါမည်။

လုပ်ဆောင်ပုံအဆင့်ဆင့်အားကြည့်ရှုရန်

https://drive.google.com/file/d/1q4pSYmTVWjOMnFwxaqfyq9ZmtQYZbCrV/view?usp=sharing

Registration အချက်အလက် ဖြည့်သွင်းရာတွင် ကာယကံရှင်ကိုယ်တိုင် ဖြည့်သွင်းရပါမည်။ အခြားသူများမှ ကိုယ်စားလုပ်ဆောင်ပေးပြီ အမှားတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ကာယကံရှင်တာဝန်သာ ဖြစ်သည်။

Registration အတွက် အောက်ပါအချက်များအား ကြိုတင်ပြင်ဆင် ထားရမည်။

(၁) မှတ်ပုံတင်လျှောက်ထားသူသည် -

•           အသက်(၁၀)နှစ် နှင့်အထက် လျှောက်ထားသူဖြစ်ပါက နိုင်ငံသားသက်သေခံကတ်ပြား ရှိသူဖြစ်ရမည်။

•           အသက်(၁၀)နှစ် အောက် လျှောက်ထားသူဖြစ်ပါက မွေးစာရင်း ရှိသူဖြစ်ရမည်။

•           ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် များဖြစ်ပါက သာသနာဝင်စိစစ်ရေးကတ်ပြား ရှိသူဖြစ်ရမည်။

 

(၂) လျှောက်ထားသူ ၏ ကိုယ်ပိုင် Email အ‌ကောင့် တစ်ခုရှိရမည်။ (Activation Code Link အား အဆိုပါ Email မှ တဆင့် ပေးပို့မည်ဖြစ်ပါသောကြောင့် မှန်ကန်ပြည့်စုံသော Email ဖြစ်ရန်လိုအပ်ပါသည်။)

(၃) လျှောက်ထားသူ ၏ (၃)လအတွင်းရိုက်ကူးထားသော ကာလာဓါတ်ပုံ JPEG or PNG

(အလှဓါတ်ပုံ၊မျက်နှာမပေါ်လွင်သောပုံ၊ဝါးနေ‌ခြင်း၊ဘေးတစောင်းဖြစ်နေခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ ဖုန်းဖြင့်ပြန်လည်ရိုက်ကူးထားခြင်း၊AI နည်းပညာဖြင့်ပြင်ဆင်ထားသောဓါတ်ပုံများ လက်မခံပါ။)

(၄) လျှောက်ထားသူ ၏ သက်သေခံကတ်ပြား ကာလာဓါတ်ပုံ (JPEG or PNG)

(သက်သေခံနံပါတ်တခုလျှင် Registration တကြိမ်သာပြုလုပ်လျှောက်ထားခွင့်ရှိပါမည်။ ထည့်သွင်းရာတွင် ဝါးနေ‌ခြင်း၊ ဘေးတစောင်းဖြစ်ခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ ဖုန်းဖြင့် ပြန်လည် ရိုက်ကူးခြင်း များလက်မခံပါ။)  

•           အသက်(၁၀)နှစ်အထက် လျှောက်ထားသူများအတွက်- မှတ်ပုံတင်၏ ရှေ့ခြမ်းနှင့် နောက်ခြမ်း ဓါတ်ပုံများ (သို့) ပတ်စ်ပို့ စာမျက်နှာ ဓါတ်ပုံ (သို့) ယာဉ်မောင်းလိုင်စင်၏ ရှေ့ခြမ်းနှင့်နောက်ခြမ်း  ဓါတ်ပုံ၊

•           အသက် (၁၀)နှစ်အောက် လျှောက်ထားသူများအတွက်- မွေးစာရင်း ဓါတ်ပုံ၊

•           ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် များဖြစ်ပါက သာသနာဝင်စိစစ်ရေးကတ်ပြား ဓါတ်ပုံ၊

 

(၅)  လျှောက်ထားသူ ၏ လက်မှတ် ဓါတ်ပုံ (JPEG or PNG)

(၆) ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခု။

•           Local Card (eCommerce Register ပြုလုပ် ထားသော MPU Card)

•           QR Payment (KBZ Pay)

လျှောက်လွှာလက်ခံမည့်ရက်နှင့် ပတ်သက်၍ ထပ်မံကြေငြာ သွားမည်ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

ဆက်သွယ်ရန် - 01 757 10 15 Ext-1 (နံနက် ၉ နာရီမှ ညနေ ၄း၃၀ နာရီ ရုံးချိန်တွင်းသာ)