၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံရက်တိုးမြှင့်ခြင်း (တစ်ဦးချင်း - N1,N2,N3 Level)

20/08/2026

၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် တစ်ဦးချင်းလျှောက်ထားသူများအား မူလကြေငြာထားသည့် နေ့ရက်များအလိုက်လက်ခံလျှက်ရှိရာ ယခုအခါ သြဂုတ်လ (၂၇) ရက်​နေ့ Online Result ထွက်ရှိအပြီး၊ N1, N2, N3 Level များအား လျှောက်ထားလိုသော စာဖြေသူများအတွက်  စာမေးပွဲလျှောက်လွှာများအား အောက်ဖော်ပြပါ အတိုင်း (၂၈) ရက်​နေ့ တွင် တိုးမြှင့်လက်ခံသွားမည် ဖြစ်ပါသည်။

 

တိုးမြှင့်လက်ခံသွားမည့်ရက်နှင့် အချိန်

နေ့ရက် - ၂၈.၈.၂၀၂၆ (သောကြာနေ့)

အချိန်   - N1+N2 Level (မနက်ပိုင်းမှ စတင်​လျှောက်ထားနိုင်မည်)

            N3 Level (နေ့လယ်ခင်းအချိန်မှ စတင်​လျှောက်ထားနိုင်မည်)

 

လျှောက်ထားရန် Website Link - https://jlpt-maja.org.mm/

 

မှတ်ချက် ။   ။စာဖြေဌာနနှင့် ထိုင်ခုံအရေအတွက်များအတိုင်းသာ လက်ခံနိုင်မည် ဖြစ်ပါသောကြောင့် သတ်မှတ်ထားသော level အလိုက် ထိုင်ခုံအရေအတွက် ပြည့်ပါက လျှောက်လွှာ လက်ခံခြင်းအား ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

 

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဖုန်း - 01- 757 10 15 (Ext 1)