၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံရက်တိုးမြှင့်ခြင်း (တစ်ဦးချင်း - N1,N2,N3 Level)
၂၀/၀၈/၂၀၂၆
၂၀၂၆
ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် တစ်ဦးချင်းလျှောက်ထားသူများအား မူလကြေငြာထားသည့်
နေ့ရက်များအလိုက်လက်ခံလျှက်ရှိရာ ယခုအခါ သြဂုတ်လ (၂၇) ရက်နေ့ Online
Result ထွက်ရှိအပြီး၊ N1,
N2, N3 Level များအား လျှောက်ထားလိုသော
စာဖြေသူများအတွက်
စာမေးပွဲလျှောက်လွှာများအား အောက်ဖော်ပြပါ အတိုင်း (၂၈) ရက်နေ့ တွင် တိုးမြှင့်လက်ခံသွားမည် ဖြစ်ပါသည်။
တိုးမြှင့်လက်ခံသွားမည့်ရက်နှင့်
အချိန်
နေ့ရက် - ၂၈.၈.၂၀၂၆ (သောကြာနေ့)
အချိန် - N1+N2 Level (မနက်ပိုင်းမှ စတင်လျှောက်ထားနိုင်မည်)
N3 Level (နေ့လယ်ခင်းအချိန်မှ စတင်လျှောက်ထားနိုင်မည်)
လျှောက်ထားရန် Website
Link - https://jlpt-maja.org.mm/
မှတ်ချက်
။ ။စာဖြေဌာနနှင့်
ထိုင်ခုံအရေအတွက်များအတိုင်းသာ လက်ခံနိုင်မည် ဖြစ်ပါသောကြောင့် သတ်မှတ်ထားသော level
အလိုက် ထိုင်ခုံအရေအတွက် ပြည့်ပါက လျှောက်လွှာ
လက်ခံခြင်းအား ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
(MAJA)
ဖုန်း - 01-
757 10 15 (Ext 1)